Applicable to: ColorOS 7.1 နှင့်အထက် မော်ဒယ်များတွင် Multi-user Mode လုပ်ဆောင်ချက်ပါရှိပါသည်။
သင်၏ ColorOS version ကို [Settings] > [About Phone] / [About Device]တွင်စစ်ဆေးပါ။
Multi-user mode သည် ဖုန်းတလုံးထဲတွင် အသုံးပြုသူပရိုဖိုင်များစွာကိုဖန်တီးနိုင်ပါသည်။သင်သည်
user account 5ခု(Owner account တခု၊ခွဲသုံးသည့်အသုံးပြုသူ account သုံးခုနှင့် Guest account တခု)ကိုဖန်တီးပြီး သတ်မှတ်နိုင်သည်။
account တခုစီတွင် သီးခြား password တခုစီရှိပြီးလူတိုင်း၏ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုထိန်းသိမ်းရန်မတူသော account များမှ app နှင့် app data များကို သီးခြားထားရှိပါသည်။
account တခုစီတွင် Google apps နှင့် ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် တူညီသော (သို့) တူညီ
သော Google account တခုကိုသုံးနိုင်သည်။
အသုံးပြုသူအများအပြားသည် တူညီသော application သို့ log in ဝင်နိုင်ပြီးအသုံးပြုသူ account အ
ချက်အလက်သည် တခုနှင့်တခုသီးခြားဖြစ်ပြီးအချင်းချင်းနှောင့်ယှက်မှုမရှိပါ။ဆိုလိုသည်မှာ တူညီသော app များကိုအသုံးပြုနေသည့် အသုံးပြုသူများသည် အခြားအသုံးပြုသူ၏ app အချက်အလက်များကိုကြည့်ရှုခြင်း (သို့) ပြောင်းလဲခြင်းမပြုလုပ်နိုင်ပါ။
တစ်ဦးထက်ပိုသောအသုံးပြုသူအသုံးပြုသည့် Application များကိုမည်သည့်အသုံးပြုသူမဆို update လုပ်နိုင်ပါသည်။
1. [Settings] > [Users & Accounts] > [Multi-User]/ [Multiple Users ကိုသွားပါ။
2. [Add User] ကိုနှိပ်ပါ (သို့) ညာဘက်ထောင့်အပေါ်ဘက်ရှိ ပုံကိုနှိပ်ပြီး [Add] ပါ။
3. အသုံးပြုသူအမည်နှင့် ပရိုဖိုင်ဓါတ်ပုံတပုံကိုထည့်သွင်းသတ်မှတ်ပြီး Enter the user name and set a [Add] ကိုနှိပ်ပါ။သင်သည်အသုံးပြုသူအခန်းကဏ္ဍအမျိုးအစား 3 မျိုးဖြင့် account 5 ခုကိုထည့်သွင်နိုင်သည်:
Owner, ခွဲသုံးသည့်အသုံးပြုသူ နှင့် Guest ဟူ၍ရှိပြီး တချက်နှိပ်ရုံဖြင့် account များကြားချက်ချင်းပြောင်းနိုင်ပါသည်။ခွဲသုံးသည့်အသုံးပြုသူ account ကိုအများဆုံး 3 ခုထိထည့်သွင်းနိုင်ပါသည်။
Multi-User Mode တွင်အသုံးပြုသူ account ကိုပြောင်းခြင်း
အသုံးပြုသူ account ကိုပြောင်းရာတွင်နည်းလမ်း 2 ခုရှိပါသည်။
Settings: [Settings] > [Users & Accounts] > [Multi-User] / [Multiple User] ကိုသွားပြီး
အသုံးပြုသူ account ကိုထိပြီး [OK] ကိုနှိပ်ပါ။
Control Center: Control Center ကိုဖွင့်ရန်စခရင်၏အပေါ်ဘက်ထိပ်ဆုံးမှဆွဲချပါ။ညာဘက်ထိပ်အပေါ်ဘက်ရှိ [ Switch User] icon ကိုထိပြီးသင်ပြောင်းလဲချင်သော အသုံးပြုသူ account ကိုထိပြီးပြောင်းနိုင်ပါသည်။
Owner: owner သည်ဖုန်း၏ပိုင်ရှင်ဖြစ်သည်။owner သည်ခွဲသုံးသည့်အသုံးပြုသူများကို ထည့်သွင်းခြင်း(သို့) ဖျက်ပစ်ခြင်းများကိုပြုလုပ်နိုင်ပြီး ခွဲသုံးသည့်အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှုနှင့် SMS မှတ်တမ်းများကိုဝင်ရောက်ကြည့်ရှုရန်၊guest ထည့်သွင်းခြင်းနှင့်ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကိုအသုံးပြုရန်ခွင့်ပြုနိုင်ခြင်းစသည့်လုပ်ဆောင်ချက်အားလုံးကိုလုပ်ဆောင်နိုင်သည်။
Sub-User: မိသားစုဝင်များသည်ဖုန်းများကိုမျှဝေရန်လိုအပ်သည့်အခါ ခွဲသုံးသည့်အသုံးပြုသူ account ကိုအများဆုံး 3ခုထိဖွင့်နိုင်သည်။ ဖွင့်ပြီးနောက် ၎င်းတို့သည် လုပ်ဆောင်ချက်အများစုကိုလွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပြီး lock screen password ကိုလည်းလွတ်လပ်စွာသတ်မှတ်နိုင်သည်။သို့သော် factory setting ပြန်လည်ရယူခြင်းကဲ့သို့သောလုပ်ဆောင်ချက်များသည် owner ကိုပါသက်ရောက်မှုရှိစေနိုင်သဖြင့် အသုံးပြု၍မရနိုင်ပါ။
Guest: ရင်းနှီးမှုနည်းသောသူငယ်ချင်းတယောက်ကို ဖုန်းငှားသောအခါ Guest role ကိုအသုံးပြုနိုင်သည်။ပြောင်းပြီးနောက် သူတို့သည် အကန့်အသတ်ရှိသော လုပ်ဆောင်ချက်များကိုသာလုပ်ဆောင်နိုင်သည်။၎င်းတို့သည် SMS၊ unknown application များကို install လုပ်ခြင်းများစသည်တို့ကိုအသုံးမပြုနိုင်ပါ။
ခွဲသုံးသည့်အသုံးပြုသူများ (သို့) guest account များသည် ဖုန်းခေါ်ဆိုခြင်းနှင့်မက်ဆေ့မှတ်တမ်းကိုကြည့်ရှုရန် owner ၏ ခွင့်ပြုချက်လိုအပ်ပါသည်။
ခွဲသုံးသည့်အသုံးပြုသူများကိုလုပ်ပိုင်ခွင့်ပေးရန်: [Settings] icon ကိုနှိပ်၍ သင်ခွင့်ပြုပေးလိုသောအသုံးပြုသူ၏ [Access Calls and Messages] / [Allow calls and messages]ကိုဖွင့်ပေးပါ။
guest များကိုလုပ်ပိုင်ခွင့်ပေးရန်: Tap the [Settings] icon ကိုနှိပ်၍ [Guest] ကိုနှိပ်ပါ၊ ထို့နောက် [Allow calls] / [Turn on phone calls]ကိုဖွင့်ပေးပါ။ guest အတွက် SMS လုပ်ဆောင်ချက်ကိုအသုံးပြု၍မရနိုင်ပါ။
Owner သည်သာလျှင် မည်သည့်အသုံးပြုသူ account ကိုမဆိုဖျက်သိမ်းနိုင်သည်။ To delete sub-ခွဲသုံးသောအသုံးပြုသူ account များကိုဖျက်လိုပါက [Settings] ကိုနှိပ်၍ သင်ဖျက်လိုသော အသုံးပြုသူ account တွင် [Delete user] ကို နှိပ်ပါ။ဖျက်ပြီးနောက် အသုံးပြုသူ၏ အချက်အလက်အားလုံးကို ပြန်မလည်ရယူနိုင်မည်မဟုတ်ပါ။
Guest ၏ အခန်းကဏ္ဍကိုဖျက်၍မရနိုင်ပါ။သို့သော်လည်း သင်သည်အသစ် Guest တယောက်ကိုထည့်သွင်းသောအခါ ယခင် Guest ၏အချက်အလက်များသည်ပျက်သွားမည်ဖြစ်ပါသည်။
YouTube link:
Related articles:
* ပုံများ၊ဆက်တင်များနှင့်လမ်းကြောင်းများသည် သင့်ဖုန်း၏ပုံများနှင့် ကွဲပြားမှုရှိနိုင်သော်လည်း၎င်းတို့သည် ဤဆောင်းပါး၏ဖော်ပြချက်ကိုမထိခိုက်စေပါ။
С понедельника по воскресенье с 9:00 до 18:00
Hotline
8-800-100-67-76
С понедельника по воскресенье с 9:00 до 18:00
Свяжитесь с нами по электронной почте
Авторизованные Сервисные Центры
VK
Вы уже знаете, что услуги и контент, предоставляемые после покидания официального сайта OPPO, предоставляются сторонними сайтами.