You can visit a site that is same from your current location
Skip to main content
{{ pageConfig.searchFliter }}
{{ pageConfig.searchFliter }}
{{ problem.label }}
{{ model.label }}
{{ pageConfig.searchCancel }}
  • {{ pageConfig.searchRec }}
    • {{ pageConfig.searchArticles }}
    • {{ itm.name }} {{ itm }}
    • {{ searchValText }}
    {{pageConfig.useProduct}}:
    {{useProductText}}
    {{pageConfig.systemCategory}}:
    {{systemCategoryText}}

    OPPO ဖုန်းတွေမှာပါတဲ့ Multi-User Mode ဆိုတာဘာလဲ?

    Применимый продукт: စမတ်ဖုန်းများ Версия программного обеспечения: Версия системы не задействована

    သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေသုံးသော ဖုန်းပေါ်တွင်ရောနှောထားပါသလား။သင့်အလုပ်နှင့် ကိုယ်ရေးကိုယ်တာဘဝကို သီးသန့်ခွဲထားရန် ပိုမိုလွယ်ကူသောနည်းလမ်းကို လိုအပ်ပါသလား။ သင့်ဖုန်းကိုငှားလိုက်ရသည့်အခါ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်ကို ထိန်းသိမ်းလိုပါသလား။တစုံတယောက်သည်သင်၏ OPPO ဖုန်းကိုငှားရမ်းအသုံးပြုလိုသည့်တိုင် သင့်ဖုန်း၏ကိုယ်ရေးကိုယ်တာအချက်အလက် ကိုထိန်းသိမ်းရန် Multi-User လုပ်ဆောင်ချက်ကိုရွေးချယ်ပါ။သင်သည် user account 5ခု(Owner account တခု၊ခွဲသုံးသည့်အသုံးပြုသူ account သုံးခုနှင့် Guest  account တခု)ကိုဖန်တီးပြီး သတ်မှတ်နိုင်သည်။user account များထည့်နည်း၊user account များပြောင်းနည်း၊Owner ခွင့်ပြုချက်၊user account များဖျက်နည်းစသည့်နည်းလမ်းများနှင့်အခြားအရာများကို စစ်ဆေးနိုင်သည်။

    Applicable to: ColorOS 7.1 နှင့်အထက် မော်ဒယ်များတွင် Multi-user Mode လုပ်ဆောင်ချက်ပါရှိပါသည်။

     သင်၏ ColorOS version ကို [Settings] > [About Phone] / [About Device]တွင်စစ်ဆေးပါ။

    မှတ်ချက်:  Multi-user Mode ရရှိနိုင်မှုသည် ဖုန်းမော်ဒယ်အမျိုးအစားနှင့် ColorOS version ပေါ်တွင်မူတည်နိုင်ပါသည်။


     Multi-User Mode

    • Multi-user mode သည် ဖုန်းတလုံးထဲတွင် အသုံးပြုသူပရိုဖိုင်များစွာကိုဖန်တီးနိုင်ပါသည်။သင်သည် 

      user account 5ခု(Owner account တခု၊ခွဲသုံးသည့်အသုံးပြုသူ account သုံးခုနှင့် Guest  account တခု)ကိုဖန်တီးပြီး သတ်မှတ်နိုင်သည်။

    • account တခုစီတွင် သီးခြား password တခုစီရှိပြီးလူတိုင်း၏ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုထိန်းသိမ်းရန်မတူသော account များမှ app နှင့် app data များကို သီးခြားထားရှိပါသည်။

    • account တခုစီတွင် Google apps နှင့် ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် တူညီသော (သို့) တူညီ

      သော  Google account တခုကိုသုံးနိုင်သည်။

    • အသုံးပြုသူအများအပြားသည် တူညီသော application သို့ log in ဝင်နိုင်ပြီးအသုံးပြုသူ account အ

      ချက်အလက်သည် တခုနှင့်တခုသီးခြားဖြစ်ပြီးအချင်းချင်းနှောင့်ယှက်မှုမရှိပါ။ဆိုလိုသည်မှာ တူညီသော app များကိုအသုံးပြုနေသည့် အသုံးပြုသူများသည် အခြားအသုံးပြုသူ၏ app အချက်အလက်များကိုကြည့်ရှုခြင်း (သို့) ပြောင်းလဲခြင်းမပြုလုပ်နိုင်ပါ။

    • တစ်ဦးထက်ပိုသောအသုံးပြုသူအသုံးပြုသည့် Application များကိုမည်သည့်အသုံးပြုသူမဆို update လုပ်နိုင်ပါသည်။

    Multi-User Mode တွင်အသုံးပြုသူကိုထည့်ခြင်း

    1.  [Settings] > [Users & Accounts] > [Multi-User]/ [Multiple Users ကိုသွားပါ။ 

    2. [Add User] ကိုနှိပ်ပါ (သို့) ညာဘက်ထောင့်အပေါ်ဘက်ရှိ    ပုံကိုနှိပ်ပြီး  [Add] ပါ။



    OPPO Multiple user

    3. အသုံးပြုသူအမည်နှင့် ပရိုဖိုင်ဓါတ်ပုံတပုံကိုထည့်သွင်းသတ်မှတ်ပြီး Enter the user name and set a  [Add] ကိုနှိပ်ပါ။သင်သည်အသုံးပြုသူအခန်းကဏ္ဍအမျိုးအစား 3 မျိုးဖြင့် account 5 ခုကိုထည့်သွင်နိုင်သည်: 

    Ownerခွဲသုံးသည့်အသုံးပြုသူ နှင့် Guest ဟူ၍ရှိပြီး တချက်နှိပ်ရုံဖြင့် account များကြားချက်ချင်းပြောင်းနိုင်ပါသည်။ခွဲသုံးသည့်အသုံးပြုသူ account ကိုအများဆုံး 3 ခုထိထည့်သွင်းနိုင်ပါသည်။

    Multi-User Mode တွင်အသုံးပြုသူ account ကိုပြောင်းခြင်း

    အသုံးပြုသူ account ကိုပြောင်းရာတွင်နည်းလမ်း 2 ခုရှိပါသည်။

    • Settings: [Settings] > [Users & Accounts] > [Multi-User] / [Multiple User] ကိုသွားပြီး 

      အသုံးပြုသူ account ကိုထိပြီး [OK] ကိုနှိပ်ပါ။

    • Control Center:  Control Center ကိုဖွင့်ရန်စခရင်၏ပေါ်ဘက်ထိပ်ဆုံးမှဆွဲချပါ။ညာဘက်ထိပ်အပေါ်ဘက်ရှိ [OPPO Switch User Icon Switch User]  icon ကိုထိပြီးသင်ပြောင်းလဲချင်သော အသုံးပြုသူ account ကိုထိပြီးပြောင်းနိုင်ပါသည်။ 

    OPPO Multi User Control Center

    မတူညီသောအသုံးပြုသူအခန်းကဏ္ဍအမျိုးအစား 3 မျိုး

    1. Owner:  owner သည်ဖုန်း၏ပိုင်ရှင်ဖြစ်သည်။owner သည်ခွဲသုံးသည့်အသုံးပြုသူများကို ထည့်သွင်းခြင်း(သို့) ဖျက်ပစ်ခြင်းများကိုပြုလုပ်နိုင်ပြီး ခွဲသုံးသည့်အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှုနှင့် SMS မှတ်တမ်းများကိုဝင်ရောက်ကြည့်ရှုရန်၊guest ထည့်သွင်းခြင်းနှင့်ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကိုအသုံးပြုရန်ခွင့်ပြုနိုင်ခြင်းစသည့်လုပ်ဆောင်ချက်အားလုံးကိုလုပ်ဆောင်နိုင်သည်။

    2. Sub-User: မိသားစုဝင်များသည်ဖုန်းများကိုမျှဝေရန်လိုအပ်သည့်အခါ ခွဲသုံးသည့်အသုံးပြုသူ account ကိုအများဆုံး 3ခုထိဖွင့်နိုင်သည်။ ဖွင့်ပြီးနောက် ၎င်းတို့သည် လုပ်ဆောင်ချက်အများစုကိုလွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပြီး lock screen password ကိုလည်းလွတ်လပ်စွာသတ်မှတ်နိုင်သည်။သို့သော် factory setting ပြန်လည်ရယူခြင်းကဲ့သို့သောလုပ်ဆောင်ချက်များသည် owner ကိုပါသက်ရောက်မှုရှိစေနိုင်သဖြင့် အသုံးပြု၍မရနိုင်ပါ။

    3. Guest: ရင်းနှီးမှုနည်းသောသူငယ်ချင်းတယောက်ကို ဖုန်းငှားသောအခါ Guest role ကိုအသုံးပြုနိုင်သည်။ပြောင်းပြီးနောက် သူတို့သည် အကန့်အသတ်ရှိသော လုပ်ဆောင်ချက်များကိုသာလုပ်ဆောင်နိုင်သည်။၎င်းတို့သည် SMS၊ unknown application များကို  install လုပ်ခြင်းများစသည်တို့ကိုအသုံးမပြုနိုင်ပါ။

    Owner ခွင့်ပြုချက်

    ခွဲသုံးသည့်အသုံးပြုသူများ (သို့)  guest account များသည် ဖုန်းခေါ်ဆိုခြင်းနှင့်မက်ဆေ့မှတ်တမ်းကိုကြည့်ရှုရန် owner ၏ ခွင့်ပြုချက်လိုအပ်ပါသည်။

    • ခွဲသုံးသည့်အသုံးပြုသူများကိုလုပ်ပိုင်ခွင့်ပေးရန်: [OPPO Multi User Settings IconSettings] icon ကိုနှိပ်၍ သင်ခွင့်ပြုပေးလိုသောအသုံးပြုသူ၏  [Access Calls and Messages] / [Allow calls and messages]ကိုဖွင့်ပေးပါ။

    OPPO Multi User Allow Calls and Message

    •  guest များကိုလုပ်ပိုင်ခွင့်ပေးရန်: Tap the [OPPO Multi User Settings IconSettings]  icon ကိုနှိပ်၍  [Guest] ကိုနှိပ်ပါ၊  ထို့နောက် [Allow calls] / [Turn on phone calls]ကိုဖွင့်ပေးပါ။ guest အတွက် SMS လုပ်ဆောင်ချက်ကိုအသုံးပြု၍မရနိုင်ပါ။

    OPPO Multi User Allow Calls

    အသုံးပြုသူ account ဖျက်သိမ်းခြင်း

    • Owner သည်သာလျှင် မည်သည့်အသုံးပြုသူ account ကိုမဆိုဖျက်သိမ်းနိုင်သည်။ To delete sub-ခွဲသုံးသောအသုံးပြုသူ account များကိုဖျက်လိုပါက [Settings] ကိုနှိပ်၍ သင်ဖျက်လိုသော အသုံးပြုသူ account တွင် [Delete user] ကို နှိပ်ပါ။ဖျက်ပြီးနောက် အသုံးပြုသူ၏ အချက်အလက်အားလုံးကို ပြန်မလည်ရယူနိုင်မည်မဟုတ်ပါ။

    OPPO Multi User Delete User

    • Guest ၏ အခန်းကဏ္ဍကိုဖျက်၍မရနိုင်ပါ။သို့သော်လည်း သင်သည်အသစ် Guest တယောက်ကိုထည့်သွင်းသောအခါ ယခင် Guest ၏အချက်အလက်များသည်ပျက်သွားမည်ဖြစ်ပါသည်။  


     

    YouTube link:


    Related articles:

     

    * ပုံများ၊ဆက်တင်များနှင့်လမ်းကြောင်းများသည် သင့်ဖုန်း၏ပုံများနှင့် ကွဲပြားမှုရှိနိုင်သော်လည်း၎င်းတို့သည် ဤဆောင်းပါး၏ဖော်ပြချက်ကိုမထိခိုက်စေပါ။

    Полезен ли этот ответ?
    Да
    Нет
    Полезен ли этот ответ?
    Да
    Нет

    WhatsApp.svg

    WhatsApp

    С понедельника по воскресенье с 9:00 до 18:00

    Hotline.svg

    Hotline

    8-800-100-67-76

    С понедельника по воскресенье с 9:00 до 18:00

    Свяжитесь с нами по электронной почте

    Свяжитесь с нами по электронной почте

    Сервисные Центры

    Авторизованные Сервисные Центры

    vk

    VK