
ပထမဆုံးပြောင်းလဲမှုမှာကျွန်ုပ်တို့၏၀န်ဆောင်မှုစင်တာများတွင် Logo အသစ်ကိုအသုံးပြုထားသည်။ ဖွဲ့စည်းတည်ဆောက်ပုံကိုတိုးမြှင့်ခြင်းအပြင်အဖြူရောင်ဒြပ်စင်များကိုဤပုံစံဒီဇိုင်းတွင်အသုံးပြုခဲ့သည်။ ထိုကဲ့သို့သောဒီဇိုင်းနည်းလမ်းသည်အတွင်းပိုင်းပတ်၀န်းကျင်ကိုတောက်ပစေပြီးဆိုင်ကိုပိုမိုသပ်ရပ်စေသည်။တောက်ပပြီးသက်သောင့်သက်သာရှိသည့်အမြင်အာရုံပေးနိင်ဖို့ရန်ကျွန်ုပ်တို့ကြိုးစားခဲ့ခြင်းဖြစ်သည်။

ပွင့်လင်းမြင်သာသောပြုပြင်ခြင်းသည်သင့်အားအလုံးစုံပြုပြင်သည့်ဖြစ်စဉ်ကိုချပြလိုက်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာများကသင်၏စက်ကိုကျယ်ကျယ်ပြန့်ပြန့်ပွင့်လင်းမြင်သောပတ်ဝန်းကျင်တွင်ပြုပြင်ပြီး,တိုက်ရိုက်ကြည့်ရှုနိုင်မည်။ ပွင့်လင်းမြင်သာမှုကသင့်ကိုပိုမိုသက်သာရာရစေရုံသာမကသင်၏စောင့်ဆိုင်းနေစဉ်အတွင်းစူးစမ်းလေ့လာရန်စိတ်ဝင်စားစရာလည်းဖြစ်စေသည်။

Space ဒီဇိုင်းသည်အနုပညာတစ်ခုဖြစ်သည်။ အသုံးပြုသူရဲ့အလေ့အထကိုအခြေခံပြီး၊ ကျွန်တော်တို့ဟာအတွင်းပိုင်းဖွဲ့စည်းပုံကိုပြန်လည်ဒီဇိုင်းဆွဲထားသည်။ အရာဝတ္ထုများကိုပိုမိုစီစဉ်တကျဖြစ်စေပြီးနေရာလွတ်များပိုပေးနိုင်အောင်လုပ်ထားပါသည်။ သို့သော်အရေးအကြီးဆုံးအချက်မှာ၀န်ဆောင်မှုကိုခံစားရာတွင်ပိုမိုသက်တောင့်သက်သာရှိစေနိုင်ပြီးလိုအပ်သည့်အထောက်အပံ့ကိုအချိန်မှီရှာဖွေတွေ့ရှိမည်ဖြစ်ပါသည်။

သင်၏ခံစားချက်များပိုမိုကောင်းမိုစေရန်သတ္ထုကုလားထိုင်များကိုကျွန်ုပ်တို့ဆိုဖာများဖြင့်အစားထိုးလိုက်သည်။ ပြုပြင်ရန်စောင့်နေစဉ်တွင်သင်သည်ဆိုဖာတွင််အနားယူပြီးတီဗီရှိုးများကိုကြည့်ရှူ့ခံစားနိုင်သည်၊ သို့မဟုတ်display case စားပွဲပေါ်ရှိကျွန်ုပ်တို့၏နောက်ဆုံးပေါ်ထုတ်ကုန်များကိုထိတွေ့ခံစားနိုင်သည်သို့မဟုတ်ကျွန်ုပ်တို့၏ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာများကသင်၏စက်ကိုပြန်လည်ပြုပြင်နေသည်ကိုကြည့်နိုင်သည်။ စောင့်ဆိုင်းခြင်းသည်လည်းစိတ်ဝင်စားစရာဖြစ်လာနိုင်သည်။